နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Helio G70 Chipset ပါဝင်သည့် Tecno Spark 6 ကို ကြေညာ

စက်တင်ဘာ   ၂၈


Tecno က Spark 6 ကို ကြေညာလာပြီး အဆိုပါဖုန်းမှာ ၆ ဒသမ ၈ လက်မ HD+ LCD ရုပ်ထွက်နှင့် 20:5:9 Aspect Ratio သုံးထားကာ 8MP Punch-Hole Selfie Camera သုံးထားသည်။

MediaTek Helio G70 ၊ RAM4GB နှင့် ပါဝါထောက်ပံ့ထားကာ Storage 64GB သုံးထားပြီး microSD ကနေ ထပ်တိုးနိုင်မည်ဖြစ်သည်။ Android 10 အခြေပြု HiOS 7.0 သုံးထားပြီး ကျောဘက်ကင်မရာ ၄ လုံး ပါဝင်ကာ 16MP + 2MP Macro + 2MP Depth +AISenes တို့သုံးထားသည်။ ကျောဘက်ကင်မရာများဖြင့် 1440p@30fps ဗီဒီယိုရိုက်ကူးနိုင်မည်ဖြစ်သည်။

ဘက်ထရီ 5000 mAh သုံးထားပြီး 18W Fast Charging စနစ်ပါဝင်သည်။ Bluetooth Audio Share ပါဝင်ကာ Bluetooth သုံးခုနှင့် ချိတ်ဆက်သုံးနိုင်မည်ဖြစ်သည်။

Tecno Spark 6 ကို အနက်ရောင်၊ အပြာရောင်၊ ခရမ်းရောင်နှင့် လိမ္မော်ရောင်တို့ကို ရွေးချယ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် ၁၂၅ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ