နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက Online မှ မှတ်ပုံတင်နိုင်

ရန်ကုန်   စက်တင်ဘာ   ၂၈


COVID 19 ကပ်ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ်ရေးအတွက် Stay At Home အစီအစဉ်ကာလ အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော ခွင့်ပြုလုပ်ငန်းအမျိုးအစားတွင်  ပါဝင်သည့်  စက်ရုံ၊  အလုပ်ရုံများ၊  လုပ်ငန်းများ၊    ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလည်ပတ်လုပ်ကိုင်မည်ဆိုပါက Online မှတစ်ဆင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်းကို ကုန်သည်စက်မှု အသင်းချုပ်က စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ 

မှတ်ပုံတင်ထားသော လုပ်ငန်းများမှ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များကိုသာ မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ် ဖြတ်ကျော်ခွင့်ရမည်ဖြစ်သည်။

မှတ်ပုံတင်ခြင်းပြီးမြောက်ပါက ဝန်ထမ်းတစ်ဦးချင်းစီနှင့် မော်တော်ယာဉ်တစ်စီးချင်းအတွက် QR Code ပါ ID ရရှိမည်ဖြစ်ပြီး၊ နယ်မြေဖြတ်ကျော်ခြင်းအတွက် စစ်ဆေးရာတွင် QR Code ပါ ID ကို ပြသရမည်ဖြစ် သည်။

Online မှ မှတ်ပုံတင်ခြင်းကို ဖော်ပြပါ Link https://QRpass.SawSawShar.gov.mm တွင် ဝင်ရောက် မှတ်ပုံတင်နိုင်ပြီဖြစ်သည်။

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့်ပတ်သက်၍ အဆင်မပြေမှု တစ်စုံတစ်ရာရှိပါက ဖော်ပြပါ ဖုန်းနံပါတ် ၀၉-၆၉၄၈၂၀၂၄၄, ၀၉-၄၀၂၇၉၀၇၄၄၊ ၀၉-၆၇၇၇၂၇၄၀၅ များသို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းစုံစမ်းနိုင်သည်။


(WP)






အခြားဆက်စပ်သတင်းများ