နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် Quarantine Centre များသို့ အလှူငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၂၈


COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု ပိုမိုများပြားလာသဖြင့် ရောဂါပိုးရှိသူများနှင့် ထိစပ်မှုရှိသူများ၊ သံသယလူနာများ ထားရှိရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် Quarantine Centre သုံးခု ဖွင့်လှစ်ထားရှိရာ အဆိုပါနေရာများမှ စောင့်ကြည့်လူနာများအတွက် အလှူငွေများနှင့်စားသောက်ဖွယ်ရာများကို အလှူရှင်များက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၃၇) ရပ်ကွက်နေ ဦးနေဝင်းအောင် (Paradise တည်းခို ခန်း)မှ အလှူငွေ ၂၀၀၀၀၀၊ Good Number One Trading Co.,Ltd မှ Tissue၊ Mask ၊ Wash Tissue များ၊ အမှတ် (၃၅) ရပ်ကွက်၊ အိမ်အမှတ် (၆၆၀)၊ သမိန်ဗရမ်းလမ်းနေ ဦးအောင်ကျော်ဇော+ဒေါ်ဆုဝေဝင်းမိသားစုမှ အလှူငွေ ၅၀၀၀၀၊ အမှတ် (၄၂) ရပ်ကွက်၊ ဆရာတော်ဦးဝိရိယသိဒ္ဓိ(ဝိမလာရာမထားဝယ်ကျောင်းတိုက်)မှ ဆန် နှစ်အိတ်၊ ဆီ ၁၀ ပိဿာ၊ မုန့် နှစ်ပုံး၊ ခေါင်းအုံး ၅၂ လုံးနှင့် အလှူငွေ ၁၀၀၀၀၀၀၊ အမှတ် (၃၅) ရပ်ကွက်၊ အိမ်အမှတ် (၁၂၇)၊ သမိန်ဗရမ်းလမ်းနေ ဦးပြည်သာကျော်+ဒေါ်ခင်နွယ်စိုးမိသားစုမှ အလှူငွေ ၅၀၀၀၀၊ အမှတ် (၂၈) ရပ်ကွက်၊ အိမ်အမှတ် (၇)၊ အောင်သုခ(၅)လမ်းနေ ဦးမြသန်း အသက် (၈၄) နှစ်ပြည့်မွေးနေ့ကုသိုလ် အလှူအဖြစ် အလှူငွေ ၁၀၀၀၀၀၊ မြို့နယ်မီးသတ်ဦးစီးမှူးဟောင်း ဦးထိန်လင်းက အလှူငွေ ၂၀၀၀၀ ကျပ်၊        ခိုင်ခိုင်ကျော်(မြန်မာထမင်းဆိုင်)မှ စောင့်ကြည့်လူနာ ၂၂၈ ဦး၊ တာဝန်ကျကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများကို အာဟာရဒါနထမင်းနှင့်ဟင်း နေ့လယ်စာနှင့် ညနေစာကို (၂၅-၉-၂၀၂၀ ရက်နေ့မှ ၃၀-၉-၂၀၂၀) ရက်နေ့အထိ လှူဒါန်းခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ လှူဒါန်းခဲ့ရာ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင် များမှ လက်ခံရရှိခဲ့ပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့စဉ်။


မြင့်မြင့်ရီ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ