နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တညင်းကုန်းလမ်းဆုံ သဲ၊ ခဲ၊ အမှိုက်များရှင်းလင်း

ရန်ကုန် စက်တင်ဘာ ၂၈


ရွှေပြည်သာမြို့နယ် စည်ပင်သာယာသန့်ရှင်းရေးဌာနမှ တာဝန်ခံဦးတေဇာလင်းနှင့်ဒုတိယတာဝန်ခံ ဦးဇင်ကိုမြင့်တို့ ဦးဆောင်စီမံမှုဖြင့် သန့်ရှင်းရေးဝန်ထမ်းများသည် လတ်တလော ဖြစ်ပွားနေသော COVID-19 ရောဂါ ပြန့်ပွားနေမှုကိုမိမိတို့ကိုယ်တိုင်ပါဝင်ထိန်းချူပ်နေရင်း တာဝန်ထမ်းဆောင်နေစဉ်ကာလ၌ အလှူဒါန ဝါတွင်း ဆွမ်းပတ်လောင်းလှူခြင်း၊ ဝန်ထမ်းအိမ်ရာဝင်း၌ ဝန်ထမ်းမိသားစု လူစုလူဝေးနေရာများသို့ သွားရောက်မှုမရှိစေရန် အခြေခံစားသောက်ကုန်များရောင်းချပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ မြို့နယ် အတွင်းသန့်ရှင်သပ်ရပ်မှုအတွက် အမှိုက်ကန်များမှ အမှိုက်သိမ်းခြင်း၊ သွားလာစောင့်ကြည့်ရေးစခန်းများ မှ အမှိုက်များကို အထူးသန့်ရှင်းရေးသိမ်းဆည်းခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင်စက်တင်ဘာ ၂၈ ရက်နံနက်က တညင်းကုန်းလမ်းဆုံတွင် သဲ၊ ခဲ နှင့်အမှိုက်များကိုအမြင်တင့်တယ်၍ ယာဉ်အန္တရာယ်ကင်းရှင်းအောင် သိမ်းဆည်းခြင်းကိုပါ ဆောင်ရွက်စဉ်။


မြင့်သန်းကြည်(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ