နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်မြို့နယ်တွင် စည်ပင်သာယာဝန်ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်းများကို အလှူရှင်များမှ ဆန်၊ ဆီနှင့် မုန့်များလှူဒါန်း

ရန်ကုန်   စက်တင်ဘာ  ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့များက မြို့နယ်အတွင်းရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်ပေါ်စေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်မြေပြင်တွင် ထိတွေ့ဆောင် ရွက်နေရသူများ အဆင်ပြေစေရန်တို့အတွက် ပိုးတွေ့လူနာများထားရှိရာ Quarantine Center များတွင် တာဝန်ထမ်းဆောင်နေကြရသော  စည်ပင်သာယာမှ တာဝန်ရှိဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းများ စုစုပေါင်း ၁၆၀ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၄၀) ဦးတို့အတွက်အလှုရှင်များမှ လှူဒါန်းထားသောဆန် ၆ ပြည်ပါ ဆန်အိတ်အလုံး ၂၀၀ နှင့် M-PRIDE ကုမ္ပဏီမှ လှူဒါန်းထားသောမုန့်မျိူးစုံနှင့်ဆီဘူး ၂၀၀ တို့ကို COVID-19 ကော်မတီဝင်များနှင့် အလှူရှင်များက စက်တင်ဘာ ၂၇ ရက် နံနက်က လှိုင်မြို့နယ် စည်ပင်သာယာရုံးတွင် စည်ပင်ဝန်ထမ်းများ လက်ဝယ်အရောက် လှူဒါန်းပေးခဲ့စဉ်။


ကြည်ဇေသော်( ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ