နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယအကြိမ် COVID-19 ချေးငွေပထမအသုတ် ကျပ် ၂၀ ဘီလျံကျော် ခွင့်ပြုထုတ်ပေးမည်

ရန်ကုန် စက်တင်ဘာ ၂၈


COVID-19 ကြောင့်ထိခိုက်မှု့ရှိသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် အတိုးနှုန်းသက်သာသည့် ချေးငွေပထမအသုတ်အဖြစ်လုပ်ငန်း ၁၀၄၁ ခုကို COVID-19 Fund မှ ချေးငွေ ထုတ်ယူခွင့်ပြုကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ထုတ်ပြန်ချက်အရ သိရသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အနေဖြင့် ချေးငွေထုတ်ယူခွင့်ရရှိသူများကို ကော်မတီ၏ ခွင့်ပြုမိန့်စာ ရရှိလာသည့်အခါ ထုတ်ပေးနိုင်ရေးနှင့် ဘဏ်လုပ်ငန်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ချေးငွေထုတ်ပေးနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ဆောင်ရမည် ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်ရမည့်နေ့ရက်ကို UMFCCI Facebook Page နှင့် Website တွင် အသိပေးကြေညာမည်ဖြစ်သည်။ ထို့ပြင် သက်ဆိုင်ရာကုမ္ပဏီများသို့လည်း တိုက်ရိုက်ဆက်သွယ် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည် ။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကြောင့် Stay at Home ကာလ လုပ်ငန်းဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှု တစ်စုံတစ်ရာရှိခဲ့ပါက နားလည်မှုပေးရန် ကုန်သည်စက်မှုအသင်းချုပ်မှ မေတ္တာ ရပ်ခံထားသည် ။

ဒုတိယအကြိမ် COVID-19 ချေးငွေပထမအသုတ်အတွက်ကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလီယံထုတ်ပေး မည်ဖြစ်ပြီး ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့်လုပ်ငန်းဖြစ်ပါက ချေးငွေထုတ်ပေးမည်မဟုတ်ကြောင်းသိရသည်။ ကျန်ရှိသည့် လျှောက်လွှာများကို ချေးငွေများဆက်လက်ထုတ်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အောင်သူရ






အခြားဆက်စပ်သတင်းများ