နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၈၊ ယီရီဗန်


ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နာဂါနို-ကာရာဘတ်ဒေသတွင် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်လုံးတွင် အရပ်သားများ သေဆုံးမှုဖြစ်ပွားခဲ့သည်။ အဇာဘိုင်ယန်ဘက်က လေကြောင်းတိုက်ခိုက်မှု၊ အမြောက်ဆန်ဖြင့် ပစ်ခတ်မှုများ စလုပ်ခဲ့ခြင်းဟု အာမေးနီးယားက ပြောသည်။ ထို့နောက်တွင် အာမေးနီးယားက အဆိုပါဒေသတွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး စစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။


နယ်စပ်ချင်းထိစပ်နေသည့် နေရာတစ်လျှောက် အမြောက်ဆန်ကျရောက်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု အဇာဘိုင်ဂျန်နိုင်ငံက ပြောခဲ့ပြီး အာမေးနီးယားနိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့သည်။အာမေးနီးယားနိုင်ငံက အဆိုပါဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုကို အကြီးဆုံး ခြိမ်းခြောက်နေသည်ဟု တူရကီသမ္မတ အာဒိုဝမ်က မှတ်ချက်ပေးခဲ့ပြီး အဇာဘိုင်ဂျန်နိုင်ငံဘက်မှ ထောက်ခံ အားပေးမည်ဟု ကတိပြုခဲ့သည်။


နှစ်နိုင်ငံလုံး ချက်ချင်းအပစ်အခတ်ရပ်စဲရန်နှင့် အခြေအနေ ပြန်လည် တည်ငြိမ်စေရေးအတွက် ဆွေးနွေးမှုများလုပ်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့မှာ ၁၉၉၁ ခုနှစ်မတိုင်မီက ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်ခဲ့ သည့် နိုင်ငံများဖြစ်သည်။ ပြီးခဲ့သည့်ဆယ်စုနှစ်လေးခုအတွင်း နာဂါနို-ကာရာဘတ်ဒေသ ပဋိပက္ခကို ဖြေရှင်းနိုင်ခဲ့ခြင်းမရှိပေ။


အဆိုပါဒေသကို နိုင်ငံတကာက အဇာဘိုင်ဂျန်နိုင်ငံ တစ်စိတ်တစ်ပိုင်းဟု သတ်မှတ် ထားသော်လည်း အာမေးနီးယားတိုင်းရင်းသားများက ထိန်းချုပ်ထားခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ