နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ကင်းလှည့်စစ်ဆေးဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၂၈


စက်တင်ဘာ ၂၇ ရက် (ည) အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်း ခရိုင်တို့တွင် သက်ဆိုင်ရာမြို့နယ်များအလိုက်  မြို့နယ်ရဲတပ်ဖွဲ့မှူးများဦးစီး ၍ အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးအောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲလက်အောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အများပြည်သူများ စိတ်အေးချမ်း သာစွာနေနိုင်ရေး၊ ဒုစရိုက်မှုခင်းများ မဖြစ်ပွားစေရေးနှင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင် ရေးတို့အတွက် ယာဉ်တင်လှည့်ကင်းဆောင်ရွက်ခြင်း၊ ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းနှင့် နယ်မြေစိုးမိုးရေးဆောင်ရွက်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေးအတွက်  သက်ဆိုင်ရာ နယ်မြေအလိုက် ခရိုင်ရဲတပ်ဖွဲ့မှူးများမှ အနီးကပ်ကြီးကပ်ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ