နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်မြို့တွင် ငွေကျပ် ၅,၀၆၂ ဒသမ ၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မူဆယ် စက်တင်ဘာ ၂၈


  စက်တင်ဘာ ၂၆ ရက်၊ ညနေ ၄ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာနေ ရင်ကွယ်ရှိုင်၏ ဂိုဒေါင်ကိုဝင်ရောက်ရှာဖွေရာ ဂိုဒေါင်အတွင်းနှင့် CANTER အမျိုးအစား ၆ ဘီးယာဉ်ပေါ်တို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြားရိုက်တံမို ၈၀ ချောင်း၊ ဆာလာအိတ်ဖြင့် ထည့်ထားသည့် Tartaric Acid ၇၅၀ ကီလို၊ ကတ်ထူပုံးဖြင့်ထည့်ထားသည့် Theophylline ၁၁,၅၀၀ ကီလို၊ အရိုးမီးသွေး ၁,၀၀၀ ကီလို၊ Dimethyl Carbonate ၂,၄၀၀ လီတာ၊ Phosphoric Acid 10 Percent အရည် ၆၄၀ လီတာနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ သိမ်းဆည်းရမိပစ္စည်းများနှင့်အတူ ရင်ကွယ်ရှိုင်(၃၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ