နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းမျဉ်းတင်းကျပ်မှုမရှိပါက မက်ဒရစ်မြို့ခံများ ကြီးမားသည့်အန္တရာယ် ရင်ဆိုင်ရနိုင်ဟု စပိန်အစိုးရ သတိပေး

စက်တင်ဘာ ၂၇၊ မက်ဒရစ်


မက်ဒရစ်မြို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး စည်းမျဉ်းများ တင်းကျပ်စွာ ချမှတ်ရန် စပိန်အစိုးရက တိုက်တွန်းခဲ့ပြီး စည်းမျဉ်းတင်းကျပ်ခြင်းမရှိပါက မက်ဒရစ်မြို့ ဒေသခံများ အနေဖြင့် ကြီးမားသည့်အန္တရာယ် ရင်ဆိုင်ရနိုင်သည်ဟု သတိပေးခဲ့သည်။ မက်ဒရစ်မြို့ရှိ COVID-19 ရောဂါ ကူးစက်ပြန့်ပွားရာနေရာများတွင် ကန့်သတ်ချက် စည်းမျဉ်းများကို သက်တမ်းတိုးမြှင့်ခဲ့သော်လည်း တစ်မြို့လုံး ပိတ်ဆို့ခိုင်းသည့် တိုက်တွန်းချက်များကို ပယ်ချခဲ့သည်။ လက်ရှိကျင့်သုံးနေသည့် ကန့်သတ် ချက်များမှာ ထိရောက်မှုမရှိတော့ကြောင်း၊ ကပ်ရောဂါကို ထိန်းချုပ်ရန် ပြတ်ပြတ်သားသား တုံ့ပြန်လှုပ်ရှား ရမည့်အချိန်တန်ပြီဟု ပြီးခဲ့သည့်စနေနေ့တွင် စပိန်ကျန်းမာရေးဝန်ကြီး ဆာဗေးဒိုးအယ်လာက ပြောသည်။ 

စပိန်နိုင်ငံ၏ ဒေသဆိုင်ရာအစိုးရများက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို တာဝန်ယူထားခြင်းကြောင့် ဗဟိုအစိုးရအနေဖြင့် ကန့်သတ်ချက်များ ထုတ်ပြန်နိုင်သည့်အခွင့်အာဏာမရှိပေ။ စပိန်နိုင်ငံမြို့တော် မက်ဒရစ်မြို့မှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု၏ ဗဟိုချက်တစ်ခု ဖြစ်လာခဲ့ပြီး ပြီးခဲ့သည့်သောကြာနေ့က ရောဂါကူးစက်ခံရသူ ၁၂၂၇၂ ဦး တွေ့ရှိခဲ့ရာ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၇၁၆၄၈၁ ဦးအထိ ရှိလာခဲ့သည်။ စပိန်နိုင်ငံမှာ ဥရောပအနောက်ပိုင်းတွင် ရောဂါကူးစက်မှုအများဆုံးနိုင်ငံဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ